ရေလမ်းသတိပေးချက်

 ဧရာဝတီတံတား( မကွေး )ရေလမ်းကြောင်း ပြောင်းလဲသတ်မှတ်ထားကြောင်း

သတင်းကောက်နှုတ်ချက်

၁။ ဧရာဝတီမြစ်ကူးတံတား(မကွေး)ရေလမ်းကြောင်းတွင် ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်း အဖြစ် ရေလယ်တိုင်အမှတ်( ၃) နှင့် (၄) အကြားမှလည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်( ၂ ) နှင့်( ၃) အကြားမှ လည်းကောင်း ဖွင့်လှစ်ထားခဲ့ပါသည်။ ယခုအခါ ရေလမ်းကြောင်းပြောင်းလဲမှု အခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွား လာရန် ရေလမ်းကြောင်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်မှစ၍ အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် ( ၁၇ )နှင့်( ၁၈ ) အကြားမှလည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်(၁၆ )နှင့်( ၁၇ )အကြားမှလည်းကောင်း ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။  ပြောင်းလဲမည့်ရေလမ်းကြောင်း၏ ကင်းလွတ် အကျယ်မှာ( ၁၁၀)မီတာရှိပြီး၊ ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင် အထက်( ၁၇ )မီတာရှိပါသည်။ရေယာဉ်များ ဖြတ်သန်းရမည့်ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍၊ ညအခါ မီးစိမ်းထွန်း ပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြတ်ခြေခတ်အမှတ်အသား ပြသ၍ ညအခါ မီးနီထွန်း ပြသထားပါမည်။

၃။ တံတားရေလယ်တိုင်များ၏အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဘက်တစ်ချက်တွင်(၁၅)ပေခန့် အစွန်းထွက် နေသဖြင့် ရေယာဉ်များရေလယ်တိုင်( ၂)ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုကြရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ် လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက်ထုတ်ပြန်ထားပါသည်။

 


ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတား( အင်းဝ )ရေလမ်းကြောင်း ပြောင်းလဲခြင်း

သတိပေးနှိုးဆော်ချက်

( ၄ - ၁၂ - ၂၀၁၄ )

 

၁။   ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတား( အင်းဝ )ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်( ၂ )နှင့်( ၃ )အကြားမှလည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်( ၁ )နှင့်( ၂ ) အကြားမှလည်းကောင်း ဖွင့်လှစ်ထားခဲ့ပါသည်။ ယခုအခါ ရေနည်းကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရေလမ်းကြောင်း အခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ( ၅ ) ရက်မှစ၍ အစုန်၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် ( ၂ )နှင့်( ၃ ) အကြားမှ ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။   ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ (၃၅၀)ပေရှိပြီး၊ ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက်( ၃၆ )ပေ ရှိပါသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ် အသား ပြသ၍၊ ညအခါ မီးစိမ်းထွန်း ပြသထားပါမည်။ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင် ကြတ်ခြေခတ် အမှတ်အသား ပြသ၍ ညအခါ မီးနီထွန်း ပြသထားပါမည်။

၃။               ရေယာဉ်များအနေဖြင့် ရေလယ်တိုင် ( ၂ )ခုအကြား မှ ယှဉ်ပြိုင်ခုတ်မောင်း ခြင်းမပြုကြရန်နှင့် တွဲရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်ဖြစ်ပါသည်။ အစုန် ရေယာဉ်အား ဦးစားပေးရန်နှင့်ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေလမ်းသတိပေး နှိုးဆော်ချက် သတင်း ထုတ်ပြန်ပါသည်။


 ဧရာဝတီတံတား (ရတနာပုံ) ရေလမ်းပြောင်းလဲမည်ဖြစ်ကြောင်း

 သတိပေးနှိုးဆော်ချက်

 (၁၇.၁၀.၂၀၁၄)

 ၁။                ဧရာဝတီတံတား (ရတနာပုံ) ရေလမ်းတွင် ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်၊ အဆန်လမ်းအဖြစ်ရေလယ်တိုင်အမှတ်(၃)နှင့်(၄)အကြားမှသတ်မှတ်ဖွင့်လှစ်ထားခဲ့ပါသည်။ ယခုအခါရေလမ်းကြောင်း အခြေအနေအရ ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ(၂၀)ရက်မှ စ၍ အစုန်၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၄) နှင့် (၅) အကြားမှ ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ် ပါသည်။

 

၂။                ပြောင်းလဲသတ်မှတ်မည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ (၇၀၀)ပေရှိပြီး၊ ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက် (၃၆)ပေရှိပါသည်။ ရေယာဉ်များ ဖြတ်သန်းရမည့်ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍ ညအခါ မီးစိမ်းထွန်းပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြတ် ခြေခတ် အမှတ်အသား ပြသ၍ ညအခါ မီးနီထွန်း ပြသထားပါမည်။

 

၃။                တံတားရေလယ်တိုင်များ၏  အောက်ခြေ ပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဘက်တစ်ချက်တွင် (၁၅)ပေခန့် အစွန်းထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင် (၂) ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲ ဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေလမ်းသတိပေးနှိုးဆော် အပ်ပါသည်။