ရေကြောင်းတိုင်းတာရေးဌာနခွဲ
-
- မြစ်ကြောင်းရေလမ်းတိုင်းတာပုံထုတ်ခြင်း
- စီမံကိန်း၀င်မြစ်ကူးတံတားကြီးများ ရေလမ်းအခြေအနေတိုင်းတာစစ်ဆေးအကြံပြုခြင်း
- စီမံကိန်း၀င်မြစ်ကူးတံတားကြီးများ တည်ဆောက်ရာတွင် ရေဘက်ဆိုင်ရာတိုင်းတာအကြံပြုခြင်း
ရေဘက်ဆိုင်ရာမြို့ ပြအင်ဂျင်နီယာဌာနခွဲ
-
- စီမံကိန်း၀င်မြစ်ကူးတံတားကြီးများရေရှည် တည်တံ့ ခိုင်မြဲရေးအတွက်တံတားရေလမ်း ပြုပြင် ထိန်းသိမ်းပေးခြင်းနှင့် ကမ်းပါးထိန်း သိမ်းရေးလုပ်ငန်းဆောင်ရွက်ခြင်း
-
- မြစ်ရေအားစိုက်ပျိုးရေအဖြစ်တစ်ဆယ့်နှစ်ရာသီအသုံး ချနိုင်စေရေးအတွက် မြစ်ရေတင်စက် ရေလမ်းများ ကောင်း မွန်ရေးဆောင်ရွက်ပေးခြင်း
သောင်တူးဌာနခွဲ
-
- ရေကြောင်းကြပ်တည်းသည့်နေရာများတွင် သောင်တူးဖေါ်ပေးခြင်း
- ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် မြို့ရွာများ ရေစားကမ်းပြိုမှှုမှ ကာကွယ်ရေးအတွက် မြစ်ကွေ့များဖြတ်ဖေါက်ခြင်း
- မြစ်ရေတင်စက်ရေရရှိရေးအတွက် ရေခေါ်တူးမြောင်းဖေါက်လုပ်ပေးခြင်း
- ရေလမ်းကြောင်းသစ်ရှာဖွေဖေါက်လုပ်ခြင်း
ရေလမ်းညွှန်ဌာနခွဲ
-
- ရေယာဉ်များအတွက် ရေလမ်းညွှန်အမှတ် အသားများပြသပေးခြင်း
- ရေလမ်းသတိပေးချက်နှင့်ရေကြောင်းသတင်း များအား အခါအားလျော်စွာ ထုတ်ပြန်ပေးခြင်း
-
- စီမံကိန်း၀င်တံတားကြီးများအ၀င် ရေလမ်းများ အား ရာသီအလိုက်ပြောင်းလဲသတ်မှတ်နိုင်ရေး အတွက် မျက်ခြေမပြတ်ကပ်မတ်ဆောင်ရွက် ပေးခြင်း
- တွံတေးတူးမြောင်းရေကြောင်းသွား လာမှုထိန်းသိမ်းကွပ်ကဲပေးခြင်း
ရေလမ်းထိန်းသိမ်းရေးဆိုင်ရာသုတေသနနှင့်စီမံကိန်းဌာန
- ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းအထောက်အကူပြုအချက်အလက်များစုဆောင်းပြုစုခြင်း
- မြစ်ကြောင်းတလျောက်အနည်းဆုံးရရှိနိုင်မည့် ရေအနက်ခန့်မှန်းတွက်ချက်ခြင်း
- မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းများ သုတေသနပြုရေးဆွဲခြင်း
- ရေထုထည် အရေအတွက် ပြောင်းလဲမှုကြောင့်လည်းကောင်း၊ ရေအရည်အသွေး ပြောင်းလဲမှုကြောင့် လည်းကောင်း ပေါ်ပေါက်လာမည့် ပတ်၀န်းကျင်ထိခိုက်မှုအား လေ့လာခြင်း
- နှစ်အလိုက်၊ လအလိုက်၊ ရက်အလိုက် ရေမျက်နှာပြင်အတက်အကျသမိုင်းကြောင်းမှတ်တမ်း ဇယား (Hydrographic envelope) ထုတ်လုပ်ခြင်း