၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို

Website နှင့် Mobile Application တို့တွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှု့နိုင်ပြီ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ လွှင့်တင်ထားသည့် https://2020election.uec.gov.mm ၏ Website တွင်လည်းကောင်း၊ Mobile Application အား အသုံးပြုလိုပါက အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှု့နိုင်ပြီဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ရုရှားဘာသာနှင့် ဂျပန်ဘာသာ စသည့် ဘာသာစကား ၅ မျိုးဖြင့် လွှင့်တင်ထားပြီးဖြစ်သဖြင့် ဝင်ရောက်လေ့လာဖတ်ရှု့နိုင်ပြီဖြစ်ပါသည်။