ပို့ဆောင်ရေးဝန်ကြီးဌာန

ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တင်ဒါခေါ်ယူခြင်း-သက်တမ်းတိုး

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ တာမိုင်၁၁/၆အနီးပြိုကျခဲ့သာ နေရာအား ကာကွယ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်ရန် Backhoe၊ Dozer စက်ယန္တရားများဖြင့် သောင်တူးဖော်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းတစ်ရပ်လုံးတင်ဒါများ ခေါ်ယူဆောင်ရွက်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ၊ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများအတွက် ၂-၁၁-၂၀၂၆ ရက်နေ့တွင် ပထမအကြိမ် လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်းတင်ဒါများနှင့် လုပ်ငန်းတစ်ရပ်လုံးတင်ဒါများအား နိုင်ငံပိုင် သတင်းစာများတွင် ကြော်ငြာခဲ့ပါသည်။ ဒုတိယအကြိမ် သက်တမ်းတိုးခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် လျှောက်ထားလိုသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် တင်ဒါများတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။